facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ နှင့် ရှောင်ကြည်ရန်
━━━━━━━━━━━━━━━ Facebook Account တွေLockကြတာများနေလို့ပြန်လည်တင်ပးလိုက်ပါ သည် 📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵 facebook ရဲ့ရာသက်ပန်အကောင့်ပိတ်တာ မခံချင်ရင် ဒါတွေလုပ်ထားပါ ------------------------ 1- Friend အသားကုန် Add ခြင်း —————————— Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။ 2- Message ဇွတ်ပို့ခြင်း ———————– အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။ 3- Like ဇွတ်လုပ်ခြင်း ——————— ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။ 4- Group အများအပြား ဝင်ခြင်း ——————————- User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။ 5- နာမည်ရင်း အသုံးမပြုခြင်း —————————- ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့ IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။ 6- Friend များလွန်းခြင်း ———————— Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။ 7- နေရာ ပြောင်းသုံးလွန်းခြင်း —————————– ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့ လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။ ဒီမှာ ကိုယ် အကြည့်များ၊ အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့ ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူး ဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။ 8- Device ပြောင်းသုံးလွန်းခြင်း —————————— ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ် ဆိုတာမျိုးပေ့ါ။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။ 9- Poke လုပ်လွန်းခြင်း ———————– Poke အဓိပ္ပါယ်ရှင်းဖူးပြီး သွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထား ပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။ 10- Link များ ရှဲလွန်းခြင်း ———————— ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။ 11- အသက် ၁၈ နှစ်မပြည့်သေးရင် ——————————– ဒါလည်း ဖြစ်တတ်ပါတယ် တဲ့။ အမှန်တော့ Facebook က အသက်၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့ သူတွေလည်း သတိထားတဲ့။ 12- Report အလုပ်ခံရ များရင် —————————- ဒါကတော့ တော်တော်များများ သိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ် ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။ ဖေ့စ်ဘုတ် အကြောင်းသိကောင်းစရာများ ************************ Like And Share ၁.See first Acc တစ်ခုမှာ See first ,25, ခုပဲ လုပ်လို့ရပါတယ် ၂.Block ,24,နာရီအတွင်းမှာ Acc ,55, ခုကို Block ရင် ,48,နာရီ Block ခွင့်ပိတ်ခံရပါတယ် နောက်,48,ကြာမှ Block ချင်တဲ့သူကို ပြန်Block လို့ရမှာပါ ၃.Add friends Fb ကနေ friend တွေ Add မယ်ဆိုရင် အယောက် ,1000, ထိပဲ Add လို့ရပါတယ် Acc ,1000,ကို Add ပြီး Acc ထားတဲ့ ,1000, ထဲက တစ်ယောက်လက်မခံသ၍ နောက် Add လို့မရတော့ပါဘူး လက်ခံသူ အရေမတွက်တိုင်ူပဲ Add လို့ရပါတယ် ၄.Acc Deleted Acc ဖျက်ဖို့အတွက် နည်းပညာသမားတွေငဟ Fb ကိုကလိတဲ့သူတွေ တွေ့ကြပါတယ် အဲဒီနည်းက ,14,ရက်ကြာမှ ပျက်ပါတယ် ,14,ရက် အရမ်းကြာတယ် ချက်ချင်းပျက်မှ ဖြစ်တော့မယ်ဆိုသူများ Fb Team က ခွင့်မပြုထားတဲ့ ပုံတွေ ရှိပါတယ် အဲဒီပုံတွေထဲက နစ်ခုခုကို pp ချိန်းပေးလိုက်ရင် ,14,စက္ကန့်အတွင်း ပျက်ပါတယ် ၅.Rp Rp ထုဖို့ friend တစ်ယောက်က အကူအညီတောင်းတိုင်း Rp ထုးမပေးပါနဲ့ Rp နဲ့ ပတ်သက်ပြီး ,24,ဂဏန်းလေးကို သတိထားမိတယ် Acc တစ်ခု ပျက်ဖို့ ရိုးရိုး Rp ထုရင် Acc,24,ခုနဲ့ 24,နာရီအတွင်းမှာ ထုပေးရင် ပျက်ပါတယ် အပြင်းစား Rp ထုရင် တစ်ယောက်ထဲထုရုံနဲ့ အထုခံရတဲ့ Acc က ID တင်မထားရင် ,24,နာရီအတွင်းမှာ ပျက်ပါတယ် ,24,လ အတွင်း Acc,24,ကျော်ကို Rp ထုရင် အတိုင်းအတောထူတဲ့ Acc ဆိုပြီး Fb Teamက ထုတဲ့ Acc ကိုပျက်ပါတယ်
#ADM-Thant zin lin

Subscribe to:
Post Comments (Atom)
လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း
လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...

-
#ကားဂိတ်ဖုန်းနံပါတ်များအဝေးပြေးကားလိုင်းများ ========================= ========================= ဘဝသစ် ရန်ကုန် ၊ကြို့ပင်ကောက်၊ ဇ...
-
လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...
No comments:
Post a Comment