မကြွေပါနဲ့ သုဘဒ္ဒါ
.....................
ခူးခဲ့တဲ့ အင်္ကြင်းပန်းမှာ
ခါချဉ်ပါမှန်း မသိခဲ့ရိုးအမှန်ပါ
အငြိုးမာန် အတေး တွေနဲ့
အမုန်းမာန်ဖွဲ့ဆင်လို့
ဆင်မင်းဆဒ္ဒါန် ရဲ့အစွယ်ကို
နားဋောင်းလုပ်ကာ ပန်ဆင်ဖို့အထိ
ဆုတောင်းတွေ မှားခဲ့လဲ
အငြှိုးမဖွဲ့ရက်ပါဘူး သုဘဒ္ဒါ ၊
အတိတ်ဘဝ ငါ ခူးခဲ့တာ အင်္ကြင်ပန်း
ပစ္စုပ္ပန် ဘဝ မင်း ချိုးခဲ့တာ ငါ့အစွယ်
ဖြူစင်တဲ့ အစွယ်တစ်စုံ
မင်း ရင်ခွင်ခိုလှုံချိန်မှ
ရင်ကွဲနာကျ ရရှာတယ်
မောင့် အချစ် မစစ်လို့်လား......သုဘဒ္ဒါ
မောင့် အချစ်......... မစစ်ခဲ့လို့လား ၊
အကြွေစောတဲ့......ဆုတောင်းပြည့်သူရေ
ပေးဆပ်ခဲ့ အစွယ်တစ်စုံကို သက်သေပြုလို့
တိုးတိတ်စွာ ရွတ်ဆိုမိတဲ့ ငါ့အသံ
မင်းကြားနိုင်ခွင့်ရှိမယ်ဆိုရင် .............
ငါ့ဆုတောင်းလို့မှတ်ယူပေးပါ
မကြွေပါနဲ့သုဘဒ္ဒါ......... မကြွေပါနဲ့လား ။
.......................မဟာနွယ် ။
#Ad-Thant zin lin

Subscribe to:
Post Comments (Atom)
လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း
လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...

-
#ကားဂိတ်ဖုန်းနံပါတ်များအဝေးပြေးကားလိုင်းများ ========================= ========================= ဘဝသစ် ရန်ကုန် ၊ကြို့ပင်ကောက်၊ ဇ...
-
လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...
No comments:
Post a Comment