တေမိမိုး

တေမိမိုး
******

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ရင်ထဲမှာ
ဝမ်းနည်းစရာတွေ ကုန်ခန်းသွားပြီ လို့
မင်း ထင်ရက်သလား ။

ငါသာ ကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေလို
ရွာချလိုက်ချင်ပါရဲ့ ။

ကြည့်စမ်းပါဦး
မင်းကိုဆုံးရှုံးရတော့မယ်..ဆိုတဲ့အသိက
ရင်မချ ိအောင် ခံစားလိုက်ရပုံများ
ဘာစကားမှ ပြောမထွက်တော့ဘူးလေ ။

သစ်ရွက် တစ်ရွက် ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါတယ် ။

အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့..
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်း က,ခုန်ဖို့အတွက်
အမြဲ နိုးထနေပါတယ် ။

မင်းကို နှုတ်ဆက်ဖို့
ငါ့ရဲ့ လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ကျန်ရစ်ဖို့ ,
ငါ့မျက်လုံးတွေ
ဝေဝါးနေခဲ့ပြီ ။
အဲဒါ ..
မျက်ရည်တွေလားဟင် ။

ဘာမှမပြောဘဲ ခံစားနေရတာချင်းအတူတူ..
ကောင်းကင်ကြီးကမှ
ရွာချ ခွင့်ရပါသေးရဲ့ ။ ။


မောင်လှမျိုး (ချင်းချောင်းခြံ)
@mghlamyochinchaungchan
Youtube - https://m.youtube
.com/watch?v=sc5hFOyksa4&feature=youtu.be
#Ad-Thant zin lin

No comments:

Post a Comment

လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း

 လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...