လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း

 လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့်နတ် ၃။ ဇလသညာ - အလှူဒါနကိုစောင့်သည့်နတ် ၄။ ဃရပါလေ - အိုးအိမ်ကိုစောင့်သည့်နတ် ၅။ စန္ဒီ - ကျက်သရေမင်္ဂလာရှိသောနတ် ၆။ ကလျာနီ - အသက်စောင့်နတ် ၇။ ဗလီရာဇာ - အိပ်မက်ပေးသောနတ် ၈။ လပ်ခ်ျမီးဒေဝီ - ဥစ္စာပေးသည့်နတ် ၉။ သူရဿတီ - ပညာဥာဏ်ကို စောင့်သည့်နတ် ၁၀။ ဝကပါလ - ခရီးသွားလျှင်စောင့်သည့်နတ် ၁၁။ နရိန္ဒဒေဝီ - အိပ်စက်လျှင်စောင့်သောနတ် ၁၂။ မဟာပျန်နဲ - အခါခပ်သိမ်း စောင့်သောနတ် ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်း ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်းကိုတော့ လူတိုင်းသိသလောက်ရှိကြပါပြီ အချစ်ရေးကိစ္စဆို ဘယ်နတ်ကို မေတ္တာ ဘယ်နှစ်ခေါက်ပို့ဆိုတဲ့နည်းလေးပေါ့ ဒီနေရာမှာ မေတ္တာမပို့ခင် ကိုယ်စောင့်နတ် ၁၂ပါးကို ပင့်ဖိတ်ပြီး မေတ္တာပို့တော့ပိုရင်ထိရောက်တာပေါ့။ အဲ့ဒီတော့ အရင်ဆုံး ကိုယ်စောင့်နတ် ၁၂ပါး ပင့်ဖိတ်နည်းကိုပြောပြချင်ပါတယ်။ ကိုယ်စောင့်နတ် ၁၂ ပါး ပင့်ဖိတ်နည်း။ --------------------------------------------- တန်ခိုးကြီးစွာ ကိုယ်မှာစောင့်တက် အမြဲကပ်သည့် နတ်မြတ်တို့တွင် နဖူးစာကို မှန်စွာရေးတက် သတ္တ-ဘာဂ နတ်မြတ်သနင်း ရှင်နတ်မင်းနှင့် မရွင်းစေတက် သူရဿ တီ နတ်ဒေဝီနှင့် လက္ခီမဟာ ထိုမှမနှေး အိမ်မက်ပေးတက် နတ်မြတ်ဗလိရာဇာ တန်ခိုးဖြာသည့် ဝါမသူရိယ ဇလသင်္ချေ ဂရာဝါက ယောဂတနှင့် ကလျာဏမိတ် ကျော်ဟိတ်အရှိန် နရိန္ဒာမငိး ချစ်ခြင်းမေတ္တာ မျှတက်စွာသည် စန္ဒာဒေဝီ သိညီသညာ မဟာ ပိဿနိုး တန်ခိုးကြီးခြင်း မည်ယင်းတွင်အပ် နတ်မြတ် တစ်ကျိပ်နှစ်ပါး နတ်အများကို ခစားရိုသေ ဆည်းကပ်ထွေဖြင့် ကျက်သရေတိုး မြတ်နိုးစေတနာ ပင့်ဖိတ်ပါသည်။ ဣမံဌာနံ ဤနေရာဌာနသို့ အာဂစ္ဆန္တု အာဂစ္ဆန္တူ ကြွရောက်တော်မူကြပါကုန်လော့ ကြွရောက်တော်မူကြပါကုန်လော့။ (၃) ခေါက်ဆိုပါရန်.... ပြီးရင်မေတ္တာပို့သရပါမယ်။ ၁။ သတ္တပါလ နတ် ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။(မိမိချစ်သူ၊အချစ်ရေးအဆင်ပြေစေရန်ဆုတောင်းပါ။ချစ်ခင်နှစ်သက်စေသောအရာများတွင် ဆုတောင်းနှိင်ပါသည်။ ၂။ ဝါမသူရိယနတ် ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။(အလုပ်အကိုင် အဆင်ပြေရန်။အလုပ်ရရန်ဆုတောင်းနိုင်ပါသည်။) ၃။ဇလသညာနတ် ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိပြုလုပ်လိုသော အလှူဒါန အလှူအတန်းကိစ္စများ အောင်မြင်ရန် ဆုတောင်းနိုင်ပါသည်။) ၄။ဃရပါလနတ် ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အိူး အိမ် လုံခြံရန်၊ရန်သူမျိုး ၅ပါး ဘေးမှ ကင်းဝေးစေရန် ဆုတောင်းနိုင်ပါသည်။) ၅။ စန္ဒီ နတ်သမီး ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မင်္ဂလာကျက်သရေ အပေါင်းနှင့်ပြည့်စုံစေရန် စိတ်နှလုံးချမ်းမြေ့စေရန်ဆုတောင်းနိုင်ပါသည်။) ၆။ ကလျာဏီနတ် ၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (အသက်အန္တရာယ်ဘေး ရောဂါဘေးမှကင်းဝေးရန် ဆုတောင်းနိုင်ပါသည်။) ရ။ ဗလိရာဇာနတ် ၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။ (မိမိလိုသောသူကို အိမ်မက်ပေးလိုသောအခါ လိုအင်ဆန္ဒပြည့်ဝစေရန် ဆုတောင်းနိုင်ပါသည်။) ၈။လပျချမြီးဒဝေီ ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။ ( ငွေကြေး ကိစ္စများ ။အလုပ်အကိုင်ကိစ္စများ အဆင်ပြေစေရန်ဆုတောင်းနိုင်ပါသည်။) ၉။ သူရဿတီနတ်သမီး ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။(ပညာရေး ။အင်တာဗျူးကိစ္စများ အဆင်ပြေအောင်မြင်ရိန် ဆုတောင်းနိုင်ပါသည်။) ၁၀။ ဂတပါလနတ် ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။ (သွားလေရာ ဘေးရန်ကင်းရန် ဆုတောင်းနိုင်ပါသည်။) ၁၁။ နရိဒ္ဒာ ဒေဝီ ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။ ( အိမ်မက်ဆိုး နိမိတ်ဆိုးများ မကြုံတွေ့ရစေရန်။) ၁၂။မဟာပိန်နဲ နတ် ၉ကြိမ် ၇ညျစူးပွီး မေတ္တာပို့သပေးပါ။ (အခါခပ်သိမ်း ဘေးရန်ကင်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် ဆုတောင်းနိုင်ပါသည်။) မူရင်းပိုင်ရှင်များအား Credit ပေးပါသည်။ အေးချမ်းအောင်စု စု မှ ကူးယူဖော်ပြသည်။ #Credit #N🇲🇲 Nature Myanmar မှကူးယူဖော်ပြထားပါသည်


Myanmar စာတန်းထိုးရုပ်ရှင်များ


https://m.facebook.com/story.php?story_fbid=875381932846065&id=1616652878657693https://m.facebook.com/story.php?story_fbid=875381932846065&id=1616652878657693
https://m.facebook.com/story.php?story_fbid=115273689804781&id=100039664519082https://m.facebook.com/story.php?story_fbid=115273689804781&id=100039664519082

https://m.facebook.com/events/511198479652899?view=permalink&id=511803032925777
https//m.facebook.com/story.php?story_fbid=114211855927285&id=100020154138025
https://m.facebook.com/story.php?story_fbid=2243515059221098&id=2233868456852425
https://m.facebook.com/story.php?story_fbid=105761443417148&id=100019498782955
https://m.facebook.com/story.php?story_fbid=453310422071839&id=100021786548342
https://m.facebook.com/story.php?story_fbid=130973131229435&id=100029502460051
https://www.facebook.com/113862566650983/videos/121511452552761/
 #ADM-Thant zin lin




Myanmarစာတန်းထိုးဇာတ်ကားများ

https://m.facebook.com/story.php?story_fbid=2149207768705344&id=1945936389032484

https://m.facebook.com/story.php?story_fbid=2152500325042755&id=1945936389032484
#ADM-Thant zin lin

facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ နှင့် ရှောင်ကြည်ရန် 

facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ နှင့် ရှောင်ကြည်ရန်
━━━━━━━━━━━━━━━ Facebook Account တွေLockကြတာများနေလို့ပြန်လည်တင်ပးလိုက်ပါ သည် 📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵📵 facebook ရဲ့ရာသက်ပန်အကောင့်ပိတ်တာ မခံချင်ရင် ဒါတွေလုပ်ထားပါ ------------------------ 1- Friend အသားကုန် Add ခြင်း —————————— Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။ 2- Message ဇွတ်ပို့ခြင်း ———————– အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။ 3- Like ဇွတ်လုပ်ခြင်း ——————— ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။ 4- Group အများအပြား ဝင်ခြင်း ——————————- User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။ 5- နာမည်ရင်း အသုံးမပြုခြင်း —————————- ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့ IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။ 6- Friend များလွန်းခြင်း ———————— Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။ 7- နေရာ ပြောင်းသုံးလွန်းခြင်း —————————– ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့ လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။ ဒီမှာ ကိုယ် အကြည့်များ၊ အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့ ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူး ဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။ 8- Device ပြောင်းသုံးလွန်းခြင်း —————————— ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ် ဆိုတာမျိုးပေ့ါ။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။ 9- Poke လုပ်လွန်းခြင်း ———————– Poke အဓိပ္ပါယ်ရှင်းဖူးပြီး သွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထား ပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။ 10- Link များ ရှဲလွန်းခြင်း ———————— ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။ 11- အသက် ၁၈ နှစ်မပြည့်သေးရင် ——————————– ဒါလည်း ဖြစ်တတ်ပါတယ် တဲ့။ အမှန်တော့ Facebook က အသက်၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့ သူတွေလည်း သတိထားတဲ့။ 12- Report အလုပ်ခံရ များရင် —————————- ဒါကတော့ တော်တော်များများ သိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ် ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။ ဖေ့စ်ဘုတ် အကြောင်းသိကောင်းစရာများ ************************ Like And Share ၁.See first Acc တစ်ခုမှာ See first ,25, ခုပဲ လုပ်လို့ရပါတယ် ၂.Block ,24,နာရီအတွင်းမှာ Acc ,55, ခုကို Block ရင် ,48,နာရီ Block ခွင့်ပိတ်ခံရပါတယ် နောက်,48,ကြာမှ Block ချင်တဲ့သူကို ပြန်Block လို့ရမှာပါ ၃.Add friends Fb ကနေ friend တွေ Add မယ်ဆိုရင် အယောက် ,1000, ထိပဲ Add လို့ရပါတယ် Acc ,1000,ကို Add ပြီး Acc ထားတဲ့ ,1000, ထဲက တစ်ယောက်လက်မခံသ၍ နောက် Add လို့မရတော့ပါဘူး လက်ခံသူ အရေမတွက်တိုင်ူပဲ Add လို့ရပါတယ် ၄.Acc Deleted Acc ဖျက်ဖို့အတွက် နည်းပညာသမားတွေငဟ Fb ကိုကလိတဲ့သူတွေ တွေ့ကြပါတယ် အဲဒီနည်းက ,14,ရက်ကြာမှ ပျက်ပါတယ် ,14,ရက် အရမ်းကြာတယ် ချက်ချင်းပျက်မှ ဖြစ်တော့မယ်ဆိုသူများ Fb Team က ခွင့်မပြုထားတဲ့ ပုံတွေ ရှိပါတယ် အဲဒီပုံတွေထဲက နစ်ခုခုကို pp ချိန်းပေးလိုက်ရင် ,14,စက္ကန့်အတွင်း ပျက်ပါတယ် ၅.Rp Rp ထုဖို့ friend တစ်ယောက်က အကူအညီတောင်းတိုင်း Rp ထုးမပေးပါနဲ့ Rp နဲ့ ပတ်သက်ပြီး ,24,ဂဏန်းလေးကို သတိထားမိတယ် Acc တစ်ခု ပျက်ဖို့ ရိုးရိုး Rp ထုရင် Acc,24,ခုနဲ့ 24,နာရီအတွင်းမှာ ထုပေးရင် ပျက်ပါတယ် အပြင်းစား Rp ထုရင် တစ်ယောက်ထဲထုရုံနဲ့ အထုခံရတဲ့ Acc က ID တင်မထားရင် ,24,နာရီအတွင်းမှာ ပျက်ပါတယ် ,24,လ အတွင်း Acc,24,ကျော်ကို Rp ထုရင် အတိုင်းအတောထူတဲ့ Acc ဆိုပြီး Fb Teamက ထုတဲ့ Acc ကိုပျက်ပါတယ်

#ADM-Thant zin lin

Vivo Xiaomi MediaTek Unlock Tool v1.0.02 (MTK ထဲက Vivo နဲ့ Xiaomi နှစ်မျိုးကို User Lock ဖြုတ်ပေးတဲ့ဆော့ဝဲလ်)

Vivo Xiaomi MediaTek Unlock Tool v1.0.02 (MTK ထဲက Vivo နဲ့ Xiaomi နှစ်မျိုးကို User Lock ဖြုတ်ပေးတဲ့ဆော့ဝဲလ်)
---------------------------------------------------------------------- ဒီ Tool ကတော့ Vivo မော်ဒယ်တော်တော်များကို အမှန်ကန် Lock ဖြည်ပေးနိုင်ပါတယ်။ ရတဲ့ Model တွေကို အောက်မှာပေးထားပါတယ်။ ကွန်ပျူတာတလုံးရှိရုံနဲ့ အဆင်ပြေမှာပါ။ Driver ရှိဖို့တော့လိုမှာပေါ့။ Mrt, MCT Box တွေ မဝယ်ထားတဲ့ User တွေအတွက် အသုံးတည့်မှာပါ။ လက်ရှိ သုံးနေပါတယ်။ လိုင်းပေါ်မှာ ရှာရခက်တဲ့ ဆော့ဝဲမို့ ပြန်ရှယ်ပေး လိုက်တာပါ။ လုံးဝ free ပေးထားတာပါ။ Myanmar Mobile Unlocking Team ကနေ ဖန်တီးထားတာပါ။ နိုင်ငံခြား Website တော်တော်များမှာတော့ တင်ထားတာရှိပါတယ် ဒေါင်းရတာခက်လို့ ပြန်တင်ပေးလိုက်တာပါ။ တခုရှိတာက Xiaomi Model နှစ်ခုပဲ Mi Cloud ဖြည်လို့ရမှာပါ။ တကယ်အသုံးဝင်မဝင်က ကိုယ်တိုင်စမ်းကြည့်မှသိမှာပါ။ Service သမားတိုင်း အသုံးတည့်မှာပါ။ No Paid No Rar Password Free Download https://zawminthan.blogspot.com/2019/08/vivo-xiaomi-mediatek-unlock-tool-v1002.html

#ADM-Thant zin lin

PayPal account လုပ်နည်း

Paypal account လုပ်ဖို့ စာအုပ် Online မှာ ပစ္စည်းဝယ်ချင်တယ်။ ငွေချေဖို့လဲ အခက်အခဲရှိနေလား။ paypal ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံတဲ့ online ငွေပေးချေမှုစနစ်ပါ။ မြန်မာ နိုင်ငံမှာတော့ ပိတ်ထားပါတယ်။ ဒါပေမယ့် သုံးလို့ရအောင်လုပ်တဲ့နည်းတွေ ဒီ စာအုပ်မှာရေးပေးထားပါတယ်။ ကျနော်ကတော့ unverified paypal နဲ့ cb visa card ချိတ်ပြီး ဝယ်ချင်တာဝယ်ပါတယ်။ Bitcoin cccam account စတာတွေပေါ့ ဖက်ကြည့်ပါ အကျိုးရှိပါလိမ့်မယ်။ https://drive.google.com/file/d/0B7fDQmKG72N0c3RhcnRlcl9maWxl/view?usp=drivesdk
#Ad-Thant zin lin

တေမိမိုး

တေမိမိုး
******

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ရင်ထဲမှာ
ဝမ်းနည်းစရာတွေ ကုန်ခန်းသွားပြီ လို့
မင်း ထင်ရက်သလား ။

ငါသာ ကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေလို
ရွာချလိုက်ချင်ပါရဲ့ ။

ကြည့်စမ်းပါဦး
မင်းကိုဆုံးရှုံးရတော့မယ်..ဆိုတဲ့အသိက
ရင်မချ ိအောင် ခံစားလိုက်ရပုံများ
ဘာစကားမှ ပြောမထွက်တော့ဘူးလေ ။

သစ်ရွက် တစ်ရွက် ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါတယ် ။

အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့..
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်း က,ခုန်ဖို့အတွက်
အမြဲ နိုးထနေပါတယ် ။

မင်းကို နှုတ်ဆက်ဖို့
ငါ့ရဲ့ လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ကျန်ရစ်ဖို့ ,
ငါ့မျက်လုံးတွေ
ဝေဝါးနေခဲ့ပြီ ။
အဲဒါ ..
မျက်ရည်တွေလားဟင် ။

ဘာမှမပြောဘဲ ခံစားနေရတာချင်းအတူတူ..
ကောင်းကင်ကြီးကမှ
ရွာချ ခွင့်ရပါသေးရဲ့ ။ ။


မောင်လှမျိုး (ချင်းချောင်းခြံ)
@mghlamyochinchaungchan
Youtube - https://m.youtube
.com/watch?v=sc5hFOyksa4&feature=youtu.be
#Ad-Thant zin lin

လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း

 လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...