၇ ရက်သားသမီးအချစ်ဗေဒင်

၇ ရက်သားသမီး အချစ် ဗေဒင်



======================



တနင်္ဂနွေ သားသမီး ...



အရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့

အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့

ကုန်သွားတဲ့ အရာမှ မဟုတ်တာနော် ....လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။

အခြေအနေပေးရင် တစ်ယောက်ထက်ပိုရတတ် ယူတတ်ပါတယ်။ သူများ အထင်ကြီး

 လေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ ကို

အထင်ကြီးလေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုး

အလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။ အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။

အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။

ချစ်သူအတွက် မိသားစု ကိုတောင်စွန့်လွှတ် အဆက်သွယ်ဖြတ် ရဲတာ တနင်္ဂနွေသမီးတွေပါပဲ ။

တနင်္ဂနွေ သမီးများကျတော့ အစွဲ အလန်းကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ တနင်္ဂနွေသားများကတော့ အရမ်းဂရုစိုက်တဲ့ စတိုင်တွေပြတတ်တယ် ။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်းဆို

တာ တနင်္ဂနွေ သားတွေပဲ :P



တနင်္လာ သားသမီး



အချစ်အတွက်ပေးဆပ်ရဲတယ်။ တကယ်ချစ်လာရင်ဘာမှ မမြင်အားလုံးကို စွန့်လွတ်ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စတ်ဆပ်တတ်ပါတယ်။

စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ် ။

တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာပြင်ထားတော့ ။



အင်္ဂါ သားသမီး



စိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မ စ ဘူး ။ သူကို စ လာရင်

ပါသွားတတ်ပါတယ်။ အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင် ဆောင်ပြီး ဖုန်း မဆက်ပဲ လုပ်နေတတ်ပါတယ်။

စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစု ကိစ္စ တွေနဲ့ ပဲ အချိန်ကုန်နေတယ်။ သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ ။ သူနဲ့ကြိုက်မိရင်တော့ သူမိသာစု အပေါ် မပြစ်မပြောလေနဲ့ ပြောရင် ကွဲသွားတတ်တယ်။ သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာကြိုးစားတော့ ။



ဗုဒ္ဒဟူးသားသမီး



အစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ မကြိုက်ခင်တော့

မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီး

 ဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆပ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီ

သူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများ

နေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။

သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံ ခြင်း တရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့ ။



ကြာသပတေး သားသမီး



အပြောကောင်းတယ်။ ချစ်သူအတွက် ကူညီဖို့ ဝန်မလေးဘူး ။ ဒါပေမဲ့ တစ်ယောက်ထက်ပိုပြီး ထားချင်တတ်တယ် ။ များသောအားဖြင့် အခွင့်ရေး ရရင် အကုန်ယူ အကုန်ပေး ချင်

တတ်တယ် ။ အချစ်အတွက် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျှောတတ်ကြတယ် ။ ဒါပေမဲ့ ပတ်ဝန်ကျင်စကားကြောင့် ကိုယ့်ချစ်သူကို ဖြတ်ပစ်ချင်တာ သူတို့ရဲ့ စရိုက်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ ချစ်သူအပေါ် အပြောကတော့ ကောင်းပေမဲ့ တကယ်လက်တွေ့မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်တတ်ကြပါဘူး။

သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတတ်တာ ကြာသပတေးသားသမီးတွေပါပဲ ဗျာ



သောကြာ သားသမီး



အချစ်ရေးမှာ ကိုယ်က ပေးဆပ်သော်လည်း ပေးတိုင်းပြန်မရတတ်တာ

သောကြာ သားသမီးပါ။ ကိုယ်က တကယ်ချစ်သောလည်း နုတ်ကြောင့်သေ

ဆိုသလိုပဲ အပြောကြောင့် ဒုက္ခ ဖြစ်ဖြစ်နေတတ်တာ

သူတို့ ကံပေါ့ ။ တကယ်ဖြစ်ချင်နေတာ က တစ်ခု တကယ်ပြော ထွက်သွားတာ က တစ်ခု ဖြစ်နေတတ်ပါတယ် ။ အချစ်ရေးမှာ မေတ္တာ တရားကြီးတတ်ပြီး အစွဲ အလန်းလည်း ကြီးတတ်ပါတယ်။ ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။ သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောက်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုတတ်တာ သူတို့ ရဲ့ ကံပါပဲ ။ များသောအားဖြင့် သောကြာအများစုဟာ ရည်းစားဦး နဲ့

လွဲ လွဲ သွားတတ်ကြပါတယ်။

သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါဆိုရင်တော့ သတိထားတော့ ။

...........



စနေ သားသမီး



အချစ်ကြီးတယ်။ သံယောဇဉ်ကြီး တယ်။ ချစ်သူ ဖေါက်ပြန်ရင်တောင် ခွင့်လွတ်နိုင်တတ်တယ် ။ အပြောကောင်းတယ်။ သဘောကောင်းတယ်။

သဝန်တိုတတ်တယ်။ သူများ ထက်ပိုပြီး သဝန်တို တတ်တယ် ။ ကိုယ်ကတော့ မစဘူး ။ ကိုယ့်ကို စ လာရင် ပါပါ သွားတတ်ပါတယ်။ လက်သာ ရင် လိုက်တဲ့

ကလေး လိုပဲ ။ ပိုဂရုစိုက်တဲ့ သူနောက် ပါ ပါ သွားတတ်ကြတာ စနေသားသမီး

ပါပဲ ။ စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။

နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။

စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်သမီးရည်းစားဖြစ်ပြီး ရင်

ယူချင်စိတ်လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်းယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇတ်မြောဖြစ်သွား တတ်ပါ တယ်။



Admin-ရှင်းသန့်

လူတစ်ယောက်မှာရှိတဲ့ ကိုယ်စောင့်နတ်(၁၂)ပါးနှင့်၎င်း(၁၂)ပါးအမေတ္တာပို့သခြင်း

 လူတစ်ယောက်မှာ ရှိနေတဲ့ #ကိုယ်စောင့်နတ်(၁၂)ပါး နှင့် ၎င်းး (၁၂)ပါးအား မေတ္တာပို့သခြင်း ၁။ သတ္တပါလ - ဖူးစာရေးနတ် ၂။ ဝါမေသူရ -စည်းစိမ်စောင့...